ဖလမ်း ၃၁ သြဂုတ်


ဖလမ်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ငွေကြေးဆိုင်ရာ ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို သြဂုတ် ၃၁ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ငွေကြေးဆိုင်ရာထိန်းသိမ်းနည်းများကို တစ်ရက်ကြာသင်ကြားပေးမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN