ကျိုက်မရော ၂၉ သြဂုတ်      

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော စာသင်ကျောင်းများသို့ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကလိုင်းကနိုင်ကျေးရွာ အမကအပေါ်ရွာကျောင်း၌ ပြုလုပ်သည်။

 

ရှေးဦးစွာ အလှူရှင်များလှူဒါန်းသော ကျောင်းသုံးစာအုပ်၂၄၀နှင့် စာရေးကိရိယာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက အလှူရှင်များကိုယ်စား ကလိုင်းကနိုင်ကျေးရွာအမက ကျောင်းအုပ်ဆရာမကြီ းဒေါ်အေးအေးအောင်ထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ထို့နောက် ကျောင်းသားကျောင်းသူ(၈၀)အတွက် စာအုပ်နှင့်စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ချိုမြတ်မြတ်ထွေး  ( ကျိုက်မရော )