ယင်းမာပင်   ၂၁  ဩဂုတ်     
  
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မုံရွာ-ပုလဲ-ဂန်ဂေါလမ်း ယင်းမာပင်မြို့အထွက်တွင် မွန်းလွဲ ၁ နာရီခန့်က ထနောင်းပင်ကြီးတစ်ပင် လဲကျမှုကြောင့် ယင်းမာပင်-ပုလဲသွား ခေတ္တကားလမ်းပိတ်မှု ဖြစ်ပွားကြောင်း သိရသည်။

 

20

 

အဆိုပါ ထနောင်းပင် လဲကျလမ်းပိတ်မှုကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ၊ မြို့နယ်စည်ပင်သာယာရေးနှင့် ပြည်သူများ ပူးပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် နေအိမ်၊ လူများနှင့် အခြားထိခိုက်မှု မရှိကြောင်း၊ ကားများလည်း ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

(ခရိုင်၊ ပြန်ဆက်)