နေပြည်တော်  ၂၁  ဩဂုတ်   

    
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှုအရ ဇွန်လမှစတင်၍ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ပေနက်တွင်း တူးစက် အကူအညီရယူကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြပ်မတ်ဆောင်ရွက်မှုဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသောကျေးရွာ (၆)ရွာအတွက် ရေနက်တွင်း တူးဖော်ခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ ဝက်လူး ကျေးရွာတွင် ရေနက်တွင်း အနက်ပေ (၁၀၂၀)တူးဖေါ်လျက်ရှိသည့် လုပ်ငန်းခွင်သို့ လည်းကောင်း၊ တောပြားကျေးရွာ၌ ရေနက်တွင်း အနက်ပေ (၈၆၀) တူးဖေါ်ပြီး ဂါလန် (၅၀ဝ၀) ဆံ့ အုတ်ရေကန် (၁) လုံးနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ကြာကန် ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် တည်ဆောက်ပြီးစီးခဲ့သည့် အနက်ပေ (၇၄၀) ရေနက်တွင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် (၁)လုံးနှင့် ရေစက်ရုံသို့လည်းကောင်း၊ မကွေးမြို့နယ် ဆူးကောက်စမ်း ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲတွင် တည်ဆောက်ပြီးစီးခဲ့သည့်အနက်ပေ (၅၄၀) ရေနက်တွင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် (၁)လုံးနှင့်  ရေစက်ရုံများသို့လည်းကောင်း ရောက်ရှိခဲ့ပြီး တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ရေလှောင်ကန်မှတစ်ဆင့် Gravity စနစ်ဖြင့် ကျေးရွာတွင်း အိမ်ခြေများအရောက် ပိုက်လိုင်းများ သွယ်တန်း တပ်ဆင်အသုံးပြုနိုင်ရေး၊ ဒီဇယ်အင်ဂျင် (အစား) လျှပ်စစ်မီးရရှိသောနေရာများတွင် လျှပ်စစ်မော်တာ စနစ်ဖြင့် ရေတင်ယူသုံးစွဲနိုင်ရေး၊ ကျေးရွာများအလိုက် ရေပေးဝေရေးကော်မတီ ဖွဲ့စည်း၍ စနစ်တကျဖြန့်ဝေပေးနိုင်ရေး၊ စဉ်ဆက်မပြတ် အသုံးပြုနိုင်စေရန်နှင့် ရေရှည်တည်တံ့စေရေး တို့အတွက် ရပ်ရွာမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မဖြစ်မနေရေနက်တွင်း တူးဖေါ်ပေးသင့်သည့် နေရာဒေသများတွင် အမှန်တကယ် လိုအပ်ချက် ရှိနေသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှုအပေါ် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေအရ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ပေနက်တွင်း တူးစက် အကူအညီဖြင့် ဆက်လက်တူးဖေါ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်