မင်းဘူး  ၂၁  ဩဂုတ်    


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစွာ သွားလာနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မင်းဘူး-မကွေးကားလမ်း မင်းဘူးမြို့မ ရဲစခန်းရှေ့တွင် စည်းကမ်းမဲ့မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။  


ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူး)မှ ဒုရဲမှူးမောင်မောင်သန်းနှင့် ပူးပေါင်းအဖွဲ့ဝင်များက မော်တော်ယာဉ် မောင်းနှင်ရာတွင် ခါးပတ်မပတ်ဘဲ မောင်းနှင်ခြင်း၊ ယာဉ်လိုင်စင် ရှိ မရှိ စစ်ဆေးခြင်း၊ ဆိုင်ကယ်စီးဉီးထုပ် မပါရှိခြင်း၊ ဆိုင်ကယ်စီးဉီးထုပ် မေးသိုင်းကြိုး မတပ်ခြင်း၊ နောက်ကြည့် မှန် မပါရှိခြင်း၊ နောက်နံပါတ်ပြား မပါရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ခြင်းမရှိသော မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျော်စိုးဝင်း(မင်းဘူး)

 

1