မိတ္ထီလာ ၂၁ သြဂုတ်
မိတ္ထီလာခရိုင်၌ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည် ပြည့်ဝစေရန် အင်္ဂလိပ်-မြန်မာ ဘာသာပြန်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်အိအိသန်းနှင့် Youth Clubမှ ဆရာပြည့်ဖြိုးအောင်တို့က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်-မြန်မာဘာသာပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။
အဆိုပါ အင်္ဂလိပ်-မြန်မာ ဘာသာပြိုင်ပွဲကို Youth Club မှ အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


