သံဖြုဇရပ် ၂၁ သြဂုတ်
ယခုလ ဒုတိယပတ် အတွင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်၊ စက်သစ်ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ ကြံ့ခိုင်ရေးရပ်ကွက်အတွင်းမှ အိမ်ထောင်စုပေါင်း(၃၄၇)စုအတွက်၊ ရေဘေးကူညီထောက်ပံ့မှုများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် တစ်အိမ်ထောင်လျှင် အသုံးအဆောင်ပစ္စည်းများနှင့် ငွေနှစ်သောင်းကျပ်ကို အသင်းဥက္ကဌ ဦးခင်မောင်လတ်နှင့် အမှုဆောင်အဖွဲ့မှ ပေးအပ်ခဲ့ကြပြီး ရပ်ကွက်များအတွင်းရှိ ပြည်သူများထံသို့ စုစုပေါင်း လှူဒါန်းငွေကျပ်သိန်းငါးဆယ်အား သြဂုတ်၂၁ ရက်နံနက်ပိုင်းက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(သံဖြူဇရပ်)


