ခန္တီး ၂၁ သြဂုတ်
ခန္တီးမြို့ အစိုးရစက်မှုသိပ္ပံတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများနှင့် အိမ်တွင်းမှု သင်တန်းကျောင်းသို့ လက်မှုပညာ တက်ရောက်သင်ယူနေသည့် သင်တန်းသူများအနေဖြင့် စာကြည့်တိုက်သို့ သွားရောက်စရာမလိုဘဲ စာအုပ်စာပေများ အဆင်ပြေစွာ ဖတ်ရှုနိုင်ရေးရည်ရွယ်၍ သြဂုတ် ၂၀ ရက်တွင် ခန္တီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နီမြင့် ဦးဆောင်၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ( Mobile Library ) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နေ့စဉ်ဘဝ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားပြီး စာကြည့်တိုက်သို့ လာရောက်ရန် အချိန်မပေးနိုင်သည့် စာပေဖတ်ရှုလိုသူများအတွက် စာပေဖတ်ရှုသည့် အခွင့်အလမ်းများ ရရှိနိုင်စေရန် ယခုလို အပတ်စဉ် နယ်လှည့်စာကြည့်တိုက်(Mobile Library) ပေးခြင်းဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲစခန်းရှိ အချုပ်ခန်းများတွင်လည်း နယ်လှည့်စာကြည့်တိုက် (Mobile Library) ဆောင်ရွက်ပေးခဲ့ကြောင်း ခန္တီးခရိုင်ပြန်ဆက်မှ သိရသည်။
MDN


