လိုင်လင်းပီ  ၂၀  ဩဂုတ်

 

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မရာအမျိုးသမီးအဖွဲ့မှ ကြီးမှူး၍ဖွင့်လှစ်သည့် မာမီဈေး (Mamih Bazar)၌ ယခင်ထက် ရောင်းကုန်များ များပြားလာပြီး ဈေးဝယ်သူများလည်း တိုးလာကြောင်း ဒေသခံဈေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

“ဒေသခံတောင်သူတွေ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးလာစေတဲ့အတွက် ကိုယ်ခြံထွက် သီးနှံတွေကို ဒီဈေးမှာပဲ လာရောင်းကြလို့ အရင်ကထက် ရောင်းကုန်ပစ္စည်းတွေ များလာတာကြောင့် ဝယ်တဲ့သူတွေပါ များလာတယ်၊ အများဆုံး ရောင်းရတာကတော့ ဒေသထွက် ရာသီပေါ် သီးနှံတွေဖြစ်တဲ့ ဖရုံရွက်၊ ချဉ်ပေါင်၊ မုန်ညင်း၊ မျှစ်၊ နာနတ်သီးနှင့် ပြောင်းဖူးတွေကို အများဆုံး ရောင်းရတယ်”ဟု ဈေးသည်တစ်ဦးက ပြောသည်။

 


အဆိုပါဈေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှ စတင်ရောင်းချခြင်းဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၆ နာရီမှ ၈ နာရီနှင့် ညနေ ၃ နာရီမှ ၆ နာရီအထိ ရောင်းချပေးလျက်ရှိပြီး လိုင်လင်းပီမြို့နှင့် အနီးအနားရှိ ကျေးရွာများမှ တောင်သူများ လာရောက်ရောင်းချနေကြကြောင်း သိရသည်။

 

လိုင်လင်းပီ (ပြန်/ဆက်)