ပေါင် ၁၆ သြဂုတ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာ နေရာတွင် ယနေ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မွန်းလွဲ ၃ နာရီ ၃၄ မိနစ် အချိန်တွင် သေဆုံးသူ(၄)ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းသေဆုံးသူ (၆၉)ဦး ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
MDN
Photo-Myanmar Fire Service Department


