ကျွန်းလှ ၁၀ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်ရေး လိုင်စင်များအား၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်(၁-၁-၂၀၁၉)မှ (၃၀-၉-၂၀၂၀) ထိ တစ်နှစ်တာ ကာလအပိုင်းအခြားအတွက် သားသတ်လုပ်ငန်းများကို ခေါင်းခွန်စနစ်ဖြင့် လည်းကောင်း၊ အပေါင်ဆိုင်လုပ်ငန်းကို တစ်နှစ်သက်တမ်းတိုးဖြင့် လည်းကောင်း၊ အခြားလိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် တစ်တာကာလအပိုင်းအခြား အတွက်အမဲသားသတ်လုပ်ငန်း(၆) ခု၊ ဝက်သားသတ် လုပ်ငန်း(၂၀)ခု၊ ကူးတို့ဆိပ်လုပ်ငန်း(၄)ခု၊ ဈေးကောက်လုပ်ငန်း ၃ ခု၊ အများသုံး အိမ်သာလုပ်ငန်းတစ်ခုနှင့် ယာဉ်ရပ်နား ကောက်လုပ်ငန်းတစ်ခုတို့အား ရောင်းချသွားမည်ဖြစ်ကြောင် းမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးမှ သိရသည်။
အဆိုပါ လုပ်ငန်းလျှောက်လွှာများကို လေလံစည်းကမ်းချက်များနှင့်အညီ သြဂုတ် (၁၄) ရက်နေ့ ညနေ ၄ နာရီခွဲအချိန် နောက်ဆုံးထားလျှောက်နိုင်ကြောင်း ဩဂုတ် (၁၅) ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင်လေလံ ရောင်းချပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


