ရန်ကုန် ၃၀ ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်း ခရိုင်/မြို့နယ်များရှိ ဝန်ထမ်းများအားသတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်(၃၀)ရက်နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီးရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ကြေးမုံသတင်းအယ်ဒီတာချုပ်(ငြိမ်း)ဦးခင်မောင်ကျော်ဒင်က သတင်းအရင်းအမြစ်များရှာဖွေခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် သတင်းစာဆိုတာအသိဉာဏ်ပွင့်လင်းမှုအရ လွတ်လပ်စွာစီးဆင်းနေသော သန့်ရှင်းစင်ကြယ်သည့် မြစ်ကြီးနဲ့ တူတယ်၊ သတင်းရေးသားရာတွင် အချက်အလက်ပြည့်စုံမှန်ကန်ဖို့လိုတယ်၊ သတင်းအရင်းအမြစ်ရှာဖွေရာတွင် တွေ့ဆုံမေးမြန်းခြင်း၊ သတင်း လိုက်ခြင်း၊သတင်းထုတ်ပြန်ခြင်း၊ မီဒီယာဆိုင်ရာသိနားလည်မှု ဥပဒေများအကြောင်းကိုလည်း ကဏ္ဍအလိုက် အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခရိုင်ရှိ မြို့နယ်များမှ ဓာတ်ပုံကျွမ်းကျင်-၂၊ ရုပ်သံကျွမ်းကျင်-၃၊ စာထောက်-၃၊ စာရေး စုစုပေါင်း(၄၄)ဦး တက်ရောက်သင်ယူလျက်ရှိရာ ဇူလိုင်(၂၉)ရက်နေ့မှ သြဂုတ်(၃)ရက်နေ့ထိ (၆)ရက်ကြာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။   


မျိုးလှိုင်၊ နိုင်လင်း