၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  (အောက်တိုဘာလမှ ဇွန်လထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၂၆၁၂၁)သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ (၄၆) သန်း လျော့နည်းခဲ့

နေပြည်တော် ၂၄ ဇူလိုင် 


    
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇွန်လထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၂၄၈၈) သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၃၆၃၃) သန်းရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၆၁၂၁) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်နှစ် ကာလတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇွန်လထိ) ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၅၆၆) သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၆၀၁) သန်းဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၆၁၆၇) သန်း ဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် အမေရိကန်ဒေါ်လာ (၉၂၁)သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် အမေရိကန်ဒေါ်လာ (၉၆၇) သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၄၆) သန်း  လျော့နည်းခဲ့သည်။


    
ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက်တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ပိုမိုတင်ပို့နိုင်ခဲ့သည် -


 

ိအ့


ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုအလိုက်တင်သွင်းမှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း လျော့နည်းတင်သွင်းခဲ့သည်-


 

ါဘမန႔


သတင်းစဉ်