ဆင်ပေါင်ဝဲ ၂၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့ မြို့မဈေးတွင် ယနေ့နံနက် ၇ နာရီက မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးနှင့် အဖွဲ့တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဈေးရောင်း၊ ဈေးဝယ်သူများအား ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေးနှင့် ကြွပ်ကြွပ်အိတ်အစား၊ အင်ဖက်၊ ငှက်ပျောဖက်သုံးစွဲရန် အသိပညာ ပေးပြောကြားခဲ့သည်။
နေခြည် ( ဆင်ပေါင်ဝဲ )


