ဖာပွန် ၂၁ ဇူလိုင် 

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်တွင် မွေးကင်းစကလေးမှ အသက်(၁၅)နှစ်ထိ ကလေးများအား ဒုတိယအကြိမ် အပိုဆောင်းပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ စတင်တိုက်ကျွေးလျက်ရှိ ကြောင်းသိရသည်။

 

3308

 

ဖာပွန်မြို့နယ်တွင် နေထိုင်သူကလေး ၁ ဦးတွင် အသွင်ပြောင်း ပိုလီယိုပိုးကူးစက်မှု တွေ့ရှိခဲ့ရပြီး ကျန်ကလေးငယ် ၂ ဦးတွင် အသွင်ပြောင်းပိုလီယိုပိုးကူးမှုရှိသည်ဟု ယူဆရ၍ ဖာပွန်ခရိုင်အတွင်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဒုတိယအကြိမ် အပိုဆောင်းပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းမှုကို ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်းသိရသည်။ 

 

3531

 

ပထမအကြိမ်ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဇူလိုင်လ (၇)ရက်နေ့မှ (၉)ရက်နေ့ထိတိုက်ကျွေးပြီး၍ ယခုဒုတိယအကြိမ် တိုက်ကျွေးခြင်ကို ဇူလိုင်လ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ တိုက်ကျွေးမည်ဖြစ်ပြီး တတိယအကြိမ်ကို သြဂုတ်လ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ ဆက်လက်တိုက်ကျွေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဝဏ္ဏ(ပြန်/ဆက်)