ကသာ  ၂၁  ဇူလိုင် 

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့်  ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်၂၀ ရက် နံနက် ၇ နာရီမှ စတင်ကာ   ကသာမြို့နယ်အတွင်း ရေဝင်ရောက်နေသော ဧရာဝတီမြစ် အထက်ပိုင်းကျေးရွာများသို့  ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

8796

 

ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည်  စိုးရိမ်ရေအမှတ်  ကျော်လွန်၍ ၁၀၈၈ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ရေဝင်ရောက်ခဲ့သော ကုန်းသာကျေးရွာ အုပ်စုအတွင်းရှိ  ထုံးရဲ၊ လိပ်ထုံး၊ ပိန္နဲချောင်း၊ သက္ကယ်ကျင်း စသည့်ကျေးရွာများမှ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခြင်းမရှိပဲ မိမိတို့၏ နေအိမ်တွင် ဆင့်ထိုး၍ နေထိုင်သော အိမ်ထောင်စု ၁၇ စု  ၊ လူဦးရေ ၈၀ အတွက် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဆန်ရိက္ခာဖိုး တစ်ဦးလျှင် ငွေကျပ် ၂၁၀ဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၆၈၀ဝ၀ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မိသားစုသုံးပစ္စည်း (Family Kits)များ   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

8044

 

အဆိုပါထောက်ပံရေးပစ္စည်းများ ပေးအပ်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းနှင့် ရေဝင်ရောက်နေသည့် နေရာများသို့ လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

နိုင်လင်းထက် (ပြန်/ဆက်)