ရေကြည် ၂၀ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ချောင်းဖျားကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ရေကြည်မြို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်ဦးက သက်ငယ်မုဒိမ်းမဖြစ်ပွားစေရေး၊ သက်ငယ်မုဒိမ်းနှင့် ပတ်သက်သည့် ဥပဒေ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကျေးရွာ ရပ်ကွက်အတွင်း ခိုး ဆိုး လုယက်မှု မဖြစ်ပေါ်စေရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများကို ပြည်သူများအား ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများ စုစုပေါင်း (၁၀ဝ) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် ( ပြန်/ဆက်)


