ယင်းမာပင်  ၈   ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ စာတိုက်လုပ်ငန်းမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်လျှောက်လွှာများကို လျှင်မြန်သွက်လက်စွာဖြင့် ဇွန် ၂၄ ရက်နေ့စတင်ပြီး ဆောင်ရွက်ပေးလျက်ရှိရာ  ဇူလိုင် ၈ နက်အထိ ကျောင်းသားကျောင်းသူ (၄၀ဝ) ခန့်အထိ လက်ခံဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ  ၂၀၁၉-ခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ လက်ခံဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ "ကျွန်တော်တို့ ယင်းမာပင်စာတိုက်လုပ်ငန်းမှ၂၀၁၉-ခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အဝေးသင်/နေ့ သင်တန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယနေ့အချိန်ထိ စုစုပေါင်းဦးရေ ၄၀ဝ ခန့် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ဆက်လက် လျှောက်လွှာတင်သူများအားလည်း ဇူလိုင် ၂၃ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ပေးမည်ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားများ အနေဖြင့် တင်သွင်းသော လျှောက်လွှာများတွင် မွေးသက္ကရာဇ် ပါ/မပါ ခုံအမှတ်ပါ/မပါ၊ မိဘအမည် ထည့်/မထည့်၊ မှတ်ပုံတင်နံပါတ် ပါ/မပါ၊ ကျောင်းနေရန် ထောက်ပံ့ပေးမည့် ပုဂ္ဂိုလ်၏ အမည် ပါ/မပါ၊ ဆက်သွယ်ရန်လိပ်စာ ပြည့်စုံမှုရှိ/မရှိ၊ အမှတ်စားရင်း ထည့်မထည့် တို့ကို စနစ်တကျ စစ်ဆေးကာ "မုံရွာစာတိုက်ကြီးသို့ မှတ်ပုံတင်ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးပြီး ထိုမှတစ်ဆင့် သက်ဆိုင်ရာ တက္ကသိုလ်များသို့ ပို့ဆောင်ပေးလျက်ရှိပါတယ်" ဟု ဆက်သွယ်ရေး-၃ ဦးမောင်ဦး၏ ပြောကြားချက်အရ သိရသည်။


ထွန်းကိုကို(ယင်းမာပင်)