စလင်း ၈  ဇူလိုင် 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မြစ်ကမ်းပါးပြိုကျမည်ကို စိုးရိမ်၍ ကြိုတင်ပြောင်းရွှေ့ရသော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားကို စလင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားခန်းမ၌ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ထိုပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ(၃.၇.၂၀၁၉)ရက်နေ့တွင် စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးနှင့်နီးကပ်ပြီး ပေအနည်းငယ်သာကွာဝေးသဖြင့် မြစ်ကမ်းပါးပြိုကျမည်ကို စိုးရိမ်၍ ကြိုတင်ပြောင်းရွှေ့ရသည့်အိမ်ထောင်စုများအား ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပြီး ကယ်ဆည်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများကို ဇီးဖြူပင်အုပ်စု၊ ကြူတောကျေးရွာ(တ) မှအိမ်ခြေ(၃၇) အိမ်၊ လူဦးရေ(၁၇၇)ဦး၊ ကျွန်းကလေးကျေးရွာမှ အိမ်ခြေ (၂)၊ လူဦးရေ(၁၃)ဦးနှင့် ကျောက်ရဲကျွန်း ကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာမှအိမ်ခြေ(၁၀)၊ လူဦးရေ(၃၃)ဦးတို့အား အိမ်ဆောက်ပစ္စည်းဘိုး ငွေ(၁)အိမ်လျှင် (၁၀ဝ၀ဝဝိ/-) ဆန်ရိက္ခာဘိုးငွေ လူ(၁)ဦးလျှင်(၇)ရက်စာ (၂၁၀ဝိ/-) နှင့် အိမ်သုံးပစ္စည်း ထောက်ပံ့မှု (၁)အိမ်လျှင် (၉)မျိုးတို့ကို တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနကိုယ်စား မြို့နယ်အဆင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ဖြစ်စဉ်ပါအိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။


MDN