တာချီလိတ်  ၈   ဇူလိုင် 


ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု ဒုတိယအကြိမ် လူထုပူးပေါင်းပါဝင်သည့် သစ်ပင်စိုက်ပွဲကို တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုရှိ အမှတ်(၁၀ဝ၉)နယ်ခြားစောင့်တပ်ရင်းဝင်းတွင် ယနေ့နံနက် ၈ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။


ယနေ့စိုက်ပျိုးသော သစ်ပင်များတွင် ကျွန်း၊ မဟော်ဂနီ၊ ပိတောက်၊ မန်ဂျာရှားအမျိုးများ ပါဝင်ပြီး ပျိုးပင်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ လူမှုရေးအသင်းများကို၎င်း၊ တာချီလိတ်(အခြေချ)စစ်ဗျူဟာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဝင်းမှ နယ်ခြားစောင့်တပ် တာဝန်ရှိသူအား၎င်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ အမျိုးသမီးရေးရာအသင်းဝင်များသို့၎င်း၊ သစ်တောဦးစီးဌာနလက်ထောက်ညွန်ကြားရေးမှူးက နိုင်ငံရေးပါတီများသို့၎င်း အသီးသီးပေးအပ်ကြပြီး သစ်ပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


မိုးရာသီသစ်ပင်စိုက်ပွဲသို့ ဌာနဆိုင်ရာများနှင့် နယ်ခြားစောင့်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးရေးရာအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့နှင့်ပြည်သူများ စုစုပေါင်း ၈၀ဝ ခန့် ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN