မန္တလေးမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူများအတွက် Franchise Launching EVENT အခမ်းအနားကျင်းပ

မန္တလေး  ၆   ဇူလိုင် 

 

စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူများအတွက် Franchise Launching EVENT အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။ထို့နောက် ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “ 5 Keys on Franchising” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။ ထို့နောက် SP Bakery ၏ CEO ဒေါ်သင်းသင်းကျော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး   Executive Director of Franching Board Committee  for SP Bakery  မှ Mr Edwin Phua က “ The Future of Franching in Asia”  ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။

 

၎င်းနောက် “Promoting National Brand”  ခေါင်းစဉ်ဖြင့် ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်၊  ဆရာအောင်နိုင်ဦး၊ ဆရာတင်ဇံကျော်၊ ဆရာမြင့်ဇော်နှင့် ဦးသူရိန်းငြိမ်းတို့က ဦးဆောင်ဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားသည်။

 

အဆိုပါဆွေးနွေးဟောပြောပွဲများအပြင် SME လုပ်ငန်းစတင်ရန်နှင့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် လိုအပ်သည့် သတင်းအချက်အလက်ပြခန်းများကို One Stop Service အနေဖြင့် ဆောင်ရွက်ထားရှိပြီး ဟောပြောဆွေးနွေးပွဲသို့ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ စီးပွားရေး ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်လိုသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)