ရန်ကုန် ၇ မေ 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ မွန်းလွဲ(၂)နာရီတွင် မေ ၁ ရက်က နန်းတက်ခဲ့သည့် ဂျပန်နိုင်ငံ ဘုရင်မင်းမြတ်အသစ်အား  ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း အမှတ်(၈၀)ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေအိမ်၌ ဖွင့်လှစ်ထားရှိသော ဂုဏ်ပြုမှတ်တမ်းစာအုပ်တွင် သွားရောက်လက်မှတ်ရေးထိုးသည်။

ဂျပန်နိုင်ငံ ဘုရင်မင်းမြတ်အသစ်အား ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ်  ဖွင့်လှစ်ထားရှိသော ဂုဏ်ပြုမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်းကို မေ ၇ ရက်မှ ၉ ရက်အထိ  နံနက် ၉ နာရီမှ ၁၁ နာရီအထိ၊ မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

(သတင်းစဉ်)