ရန်ကုန် ဇူလိုင် ၂၇

 

ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ်  မြဂနိုင်အသံတိတ်ရုပ်ရှင် ဇာတ်ကားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အဆိုပါ ဂုဏ်ပြုခံ ကဇာတ်ရုံ၌ ပြသရာ ရုပ်ရှင်ချစ်ပြည်သူများ လာရောက်ကြည့်ရှု အားပေးကြသည်။

 

အဆိုပါ  မြဂနိုင်အသံတိတ်ရုပ်ရှင်ကားကို ၁၉၃၄ ခုနှစ်တွင် အေဝမ်းတင်မောင်က ပထမဆုံးရိုက်ကူးခဲ့သော အဖြူအမည်း အသံတိတ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ချစ်ရွှေ၊ မြင့်မြင့်တို့ ခေါင်းဆောင်၍ ဦးထွား၊ ဦးဘိုးသောင်၊ ဘိုးစောကြီး၊ ဖူး၊ စိုင်တင်၊ သာဂေါင်၊ ဂျမ်းစိန်နှင့် အေဝမ်းအဖွဲ့သားများ ပါဝင်ကြကြောင်း သိရသည်။

 

သတင်းစဉ်