နေပြည်တော် ဇူလိုင် ၂၇
ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ယနေ့နံနက်ပိုင်းက အိမ်အမိုးနှင့်ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ထောက်ပံ့ရာတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက အမှာစကား ပြောကြားပြီး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ဒေသခံပြည်သူများအတွက် အိမ်မိုးသွပ်ပြားအချပ် ၁၂၀၀ နှင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၃၀၀၀ တို့ကို ထောက်ပံ့ ပေးအပ်ကြရာ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။
ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ မြို့မိမြို့ဖများက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


