မကွေး ဇူလိုင် ၂၇
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကွမ်းအုံ(မြောက်) ကျေးရွာရှိ မိုဘိုင်းစခန်း အမှတ်(MGW00496) တွင် 3G အင်တာနက်စနစ်မှ 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါမိုဘိုင်းစခန်းရှေ့၌ ကျင်းပသည်။
ဦးစွာ 3G အင်တာနက်စနစ်မှ 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်း ဖွင့်ပွဲကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာ ဦးသက်မော် နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မိုဘိုင်း စခန်း ကိုးခုတွင် 3G အင်တာနက်စနစ်မှ 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ တည်ဆောက် တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


