ညောင်ရွှေ ဇူလိုင် ၂၆
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တောင်ပို့ကြီး(တောင်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဝိသာခါရွှေတောင်ပို့ ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
ဖွင့်လှစ်ပေး
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ဝိသာခါဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ကျောင်းဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များ၊ ကျောင်းဆောင်သစ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများနှင့် အလှူငွေများ၊ စာရေးကိရိယာများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ


