ရန်ကုန်      ဇူလိုင်     ၂၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)သို့ Mountain Bike (MTB) လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန် ဥယျာဉ်(ရတနာပုံ)မှ သိရသည်။

သဘာဝအလှအပကို ခံစားရင်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်လိုသူများအတွက် Mountain Bike (MTB)လူသစ်တန်း  စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်   နံနက် ၅ နာရီခွဲတွင်    Start   Point   တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)   Main   Gate မှ    Finish   Point    အမျိုးသားကန်တော်ကြီး ဥယျာဉ် (ပြင်ဦးလွင်)အထိ  စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အသက် ၁၈  နှစ်နှင့်အထက် အမျိုးသား/အမျိုးသမီးများ  ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊   ပြိုင်ပွဲဝင်များအနေဖြင့်  သဘာဝလမ်းကြောင်းများကို ဖြတ်သန်းစီးနင်းရင်း  မိမိတို့၏    ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် စက်ဘီးစီးကျွမ်းကျင်မှုများကို  ပြသနိုင်မည့်  အခွင့်အရေးကောင်းတစ်ခုဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားပြီး ပြိုင်ပွဲဝင်များအားလုံး Helmet  မဖြစ်မနေဝတ်ဆင်ရမည်ဖြစ်ကာ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် အသေးစိတ် Registration အချက်အလက်များ၊ ပြိုင်ပွဲလမ်းကြောင်းနှင့် ဆုချီးမြှင့်မှုအစီအစဉ်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်များအား  အဆင့်လိုက်အထူးဆုများကိုလည်း   ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MT