ပဲခူး ဇူလိုင် ၂၅

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSME စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဖြည့်ဆည်းဆောင်ရွက် 

 

စကားဝိုင်း ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီအနေဖြင့် ထုတ်ကုန်တစ်ခုချင်းအလိုက် အရည်အသွေးပြည့်ဝပြီး အဆင့်အတန်းမီမီ ထုပ်ပိုးမှုစနစ်သို့ ပြောင်းလဲနိုင်ရေး၊ ခိုင်မာသည့် ဈေးကွက်ရရှိရေး၊ ကုန်ကြမ်းပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ချေးငွေရရှိရေးနှင့် ထုတ်ကုန်နည်းပညာ တိုးတက်စေရေးတို့ကို ဘက်ပေါင်းစုံမှ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းမှ MSME လုပ်ငန်းရှင်များက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ 

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေး ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေပြုပြီး MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ပြည်ပသွင်းကုန် အစားထိုး တိုးတက်ထုတ်လုပ်နိုင်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)