မိုင်းယောင်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက်ခန်းမ၌ ဇူလိုင် ၂၃ ရက်က ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်သည်။
ဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်မိုးတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


