အိမ်မဲ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မရမ်းငူကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကြဲခင်းစနစ်ပပျောက်ရေးအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၂၀ ရက်က ကျင်းပသည်။
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မရမ်းငူကျေးရွာတောင်သူ ဦးအောင်စိုးမိုး၏ လမ်းမြေ ၃ ဒသမ ၅၀ ဧကတွင် စိုက်ပျိုးရာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးခင်မောင်မျိုးက အဆိုပါစက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)


