ဟုမ္မလင်း ဇူလိုင် ၂၃

 

ဟုမ္မလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနရုံးက ယမန်နေ့နံနက်ပိုင်းတွင် အထက (မောင်းခမ်း)မှ ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်‌ပေးသည်။

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေက အမှာစကား ပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဖြိုးကျော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် အဖွဲ့ဝင်များက အသက်(၁၀)နှစ်ပြည့်အထက် ကျောင်းသား ကျောင်းသားသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)