အူလန်ဘာတာ  ဇူလိုင်  ၂၀

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံရှိရာ ယမန်နှစ်ကထက် ၃၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း အမျိုးသားစာရင်းအင်းရုံး (NSO) က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်သည့်  အချက်အလက်များအရ သိရသည်။

ဇန်နဝါရီလမှ ဇွန်လအတွင်း မွန်ဂိုလီးယားနိုင်ငံသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံနီးပါးရရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးက ပြောကြားသည်။ ထို့ပြင် နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးစနစ်ပေါင်း ၁၅၀ နှင့် ကုန်သွယ်မှုပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံများအနက်  တရုတ်နိုင်ငံသည်  မွန်ဂိုလီးယားနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်အဖြစ်  ဆက်လက်တည်ရှိနေပြီး  မွန်ဂိုလီးယားနိုင်ငံ၏ ပို့ကုန် ၉၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် သွင်းကုန် ၃၉ ဒသမ ၇ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှဖြစ်ကြောင်း အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်ထားသည်။                            

ဆင်ဟွာ