မအူပင် ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ Polytechnic University (Maubin)၌ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျောင်းအားကစားခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာသန္တာသိန်းက အားကစားပြိုင်ပွဲပြုလုပ်ခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး အားကစားသမားများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက နိုင်ငံတော်အလံအလေးပြု ခြင်း၊ အားကစားသစ္စာအဓိဋ္ဌာန်လေးချက်ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ Polytechnic University (Maubin) ကျောင်းသူလေးများက ဖျော်ဖြေတင်ဆက်ပြီး အဖွင့်ပွဲစဉ်အဖြစ် Pixel United FC အသင်းနှင့် Hyper Volt အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲတွင် ဘောလုံးအားကစား(အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်းအားကစား၊ ကြက်တောင်ရိုက်အားကစား၊ စားပွဲတင်တင်းနစ်အားကစားနှင့် စစ်တုရင်အားကစားနည်းများ ပါဝင်ပြီး ဇူလိုင် ၂၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)


