ကမ်ပါလာ ဇူလိုင် ၁၇

ယူဂန်ဒါနိုင်ငံအရှေ့ပိုင်း၌ ဇူလိုင် ၁၆ ရက် ညနေပိုင်းက ကျောင်းကားတစ်စီး တိမ်းမှောက် မှုဖြစ်ပွားသဖြင့် ကျောင်းသားကျောင်းသူ ၂၀ အပါအဝင် ၂၁ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၇ ရက်တွင် ပြောကြားသည်။

မြို့တော် ကမ်ပါလာရှိ King David Junior School မှ ကျောင်းသား ကျောင်းသူများအား တင်ဆောင်လာသည့် အဆိုပါဘတ်စ်ကားမှာ ကတ်ချော်ဝါခရိုင်ရှိ ကျေးရွာတစ်ရွာ၌ တိမ်းမှောက်ခဲ့ကြောင်း ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်ကာနူရာက ပြောကြားသည်။

ယာဉ်မောင်းမှာ ခရီးစဉ်မှအပြန်တွင် ယာဉ်ကိုအရှိန်မထိန်းနိုင်ဘဲ လမ်းချော်ကာ လမ်းဘေးရှိ ကျောက်တုံးကြီးတစ်ခုကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆင်ဟွာ