ရန်ကုန် ဇူလိုင် ၁၇
MNL ယူ-၂၀ လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉) ပထမနေ့နှင့် ဒုတိယနေ့ကို ဇူလိုင် ၁၆ ရက်နှင့် ၁၇ ရက်က ကျင်းပရာ အား/ကာသိပ္ပံ၊ ရန်ကုန်စီးတီး၊ ဒဂုံစတား၊ စစ်ကိုင်းယူနိုက်တက်နှင့် Galaxy အသင်းတို့နိုင်ပွဲရရှိပြီး ရန်ကုန်ယူနိုက်တက်အသင်း ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့သည်။
ပွဲစဉ်(၉)တွင် ဒဂုံစတားယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို လေးဂိုး-ဂိုးမရှိ၊ Galaxy အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ စစ်ကိုင်းယူနိုက်တက်အသင်းက ရတနာပုံ အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရန်ကုန်စီးတီးအသင်းက ရှမ်းယူနိုက်တက် အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အား/ကာသိပ္ပံအသင်းက မြဝတီအသင်းကို ရှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး Falcon အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
ရှစ်ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းသည် ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီး အား/ကာသိပ္ပံအသင်းမှာမူ ဇယားထိပ်ဆုံး၌ အမှတ်ပြတ် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
ပွဲစဉ်(၉) နောက်ဆုံးနေ့ကို ဇူလိုင် ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ Chinland အသင်းနှင့် သစ္စာအားမာန်အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း- ကိုညီလေး၊ ဓာတ်ပုံ-MNL


