ရန်ကုန်   ဇူလိုင်   ၁၅

၂၀၂၆-၂၀၂၇   ရာသီ     မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်  (၅) ကို ဇူလိုင် ၁၃ ရက်မှ  ၁၅ ရက်အထိ ကျင်းပရာ  ဇယားထိပ်ပိုင်းမှ အသင်းအားလုံး နိုင်ပွဲရရှိခဲ့သည်။

ပွဲစဉ်(၅) တွင် အား/ကာသိပ္ပံအသင်းက  သစ္စာအားမာန်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဧရာဝတီအသင်းက  မြဝတီအသင်းကို  နှစ်ဂိုး-တစ်ဂိုး၊ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို  ငါးဂိုး-ဂိုးမရှိ၊ ရတနာပုံအသင်းက Young Lionesses အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရန်ကုန်ယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို  သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ွဲစဉ် (၅)အပြီးတွင်  အား/ကာ သိပ္ပံ (ISPE) အသင်းက ရမှတ် ၁၅ မှတ်ဖြင့် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီနှင့် ရန်ကုန်ယူနိုက်တက်အသင်းက ၁၂ မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက ၁၀ မှတ်၊ ရတနာပုံအသင်းက ကိုးမှတ်၊  Young Lionesses အသင်းက ခြောက်မှတ်၊ သစ္စာအားမာန် အသင်းက လေးမှတ်၊ မြဝတီနှင့် ဇွဲကပင်ယူနိုက်တက်အသင်းက သုံးမှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းမှာမူ  ငါးပွဲစလုံးရှုံးကာ  အမှတ်မရသေးပေ။

ကိုစံ

ဓာတ်ပုံ-MWL