နယူးယောက် ဇူလိုင် ၁၅
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၌ ဒေတာစင်တာကြီးများ အသစ်တည်ဆောက်ရန် ခွင့်ပြုမိန့်ကို တစ်နှစ်အထိ ဆိုင်းငံ့သွားမည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်မြင့်မားခြင်းနှင့် ရေပြတ်လပ်မှု ပြဿနာကိုဖြေရှင်းရန် ယာယီဆိုင်းငံ့ခြင်းဖြစ်ပြီး နယူးယောက်အုပ်ချုပ်ရေးမှူး ကေသီဟိုချူလ်က ဇူလိုင် ၁၄ ရက်တွင် ယာယီဆိုင်းငံ့သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။
နယူးယောက်ပြည်နယ်သည် ဒီဂျစ်တယ်လုပ်ငန်းများနှင့် ဉာဏ်ရည်တုနည်းပညာအတွက် အခြေခံအဆောက်အအုံဖြစ်သည့် ဒေတာစင်တာဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော အရာများတွင် မထင်မှတ်ထားသည့်အခက်အခဲများ၊ လိုအပ်ချက်များ ကြုံတွေ့နေရကြောင်း အမိန့်တွင် ဖော်ပြထားသည်။
ကွန်ပျူတာဆာဗာများကို လည်ပတ်ရန်အတွက် အအေးပေးစနစ်ဆိုင်ရာ လျှပ်စစ်စွမ်းအင်များနှင့် ရေအမြောက်အမြားသုံးစွဲရန် လိုအပ်ချက်တို့ကြောင့် ကုန်ကျစရိတ်များ အလွန်မြင့်တက်လာကြောင်း ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ


