ပန်းတောင်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စနစ်တကျ ခွဲဝေရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေး
ခရိုင်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က စားအုန်းဆီ လက်လီရောင်းချသည့် ကုန်စုံဆိုင်များ၌ စားအုန်းဆီများအား စာအုပ်များဖြင့် စနစ်တကျ မှတ်တမ်းတင် ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ထားရှိသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ရရှိသည့် ခွဲတမ်းများအတိုင်း ပြည်သူများထံ စနစ်တကျခွဲဝေ ရောင်းချပေးခြင်း ရှိ/မရှိတို့ကို စစ်ဆေးသည်။
စားအုန်းဆီ ရောင်းချရာတွင် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)


