ရန်ကုန် ဇူလိုင် ၁၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ Ultrasound အခန်း ပြင်ဆင်ထားရှိမှုနှင့် Ultrasound စက်အသစ်ဖြင့် အာမခံအလုပ် သမားလူနာများအား ရောဂါရှာဖွေနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရန်ကင်းမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ မြို့နယ်ဦးစီးမှူးများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်မည့် သင်တန်းသားအိပ်ဆောင်ဆောက်လုပ်မည့် မြေနေရာကို သတ်မှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


