မြောင်းမြ ဇူလိုင် ၁၂

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ Si Pwar Trading Co., Ltd မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲကို ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက မြရွှေဝါခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြောင်းမြခရိုင် Rice Export Zone အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က Rice Export Zone စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ Si Pwar Trading Co., Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နော်ခင်ခင်က Exporter Company အနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မို့မို့(ပြန်/ဆက်)