ရန်ကုန် ဇူလိုင် ၁၂

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်(၁၄) ရပ်ကွက်ခွဲ အမှတ်(၆) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေး အထက်တန်းကျောင်းတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

ဦးစွာ ရွှေပေါက်ကံမြို့ လျှပ်စစ်မန်နေဂျာ ဦးအောင်ဇော်မျိုးက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လျှပ်စစ်ကြောင့် မီးလောင်မှု မဖြစ်ပေါ်စေရေး အသိပညာပေး ဟောပြောပြီး ရွှေပေါက်ကံမြို့ လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

 

အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)