နေပြည်တော် ဇူလိုင် ၁၀

 

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပဏ္ဍိတလမ်း ရုံးအမှတ် (၄-ဂ) အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာစုစုဒွေးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

 

ထို့နောက် ပြသထားသည့် ပြခန်းများ၊ တိုင်းရင်းဆေးကျမ်း၊ ပေ၊ ပုရပိုဒ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းရင်းဆေးဝါးစက်ရုံ ပုံစံငယ်များနှင့် မြန်မာ့တိုင်းရင်းဆေးပညာပြတိုက်တို့ကို လှည့်လည်ကြည့်ရှုကြသည်။ 

 

ယင်းနောက် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တိုင်းရင်းဆေးပညာဦးစီးဌာန အဆောက်အအုံသစ်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်