လွိုင်ကော် ဇူလိုင် ၁၀
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးသစ် ယခုဘဏ္ဍာနှစ်အတွင်း အပြီးသတ်တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ်လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ဈေးဝယ်ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေး စနစ်တကျဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ကုန်စိမ်းတန်း ပျံကျဈေးရုံသစ်များ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်မည့် ပျံကျဈေးရုံနေရာများကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ပြီးစီးပါက ဆိုင်ခန်းများ စနစ်တကျ နေရာချထားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


