မိုင်းရယ် ဇူလိုင် ၉

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်ရှိ စပါးနှင့် ယာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ် ငှားရမ်းခ သက်သာစေရန်နှင့် ခေတ်မီစက်ကိရိယာဖြင့် စနစ်တကျစိုက်ပျိုးတတ်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး နည်းစနစ်များ သရုပ်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

 

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်က စိုက်ပျိုးရေးဦးစီးဌာနရုံး မြေနေရာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးပင်များပျိုးထောင်ထားရှိမှု၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်စိုက်ပျိုးခြင်း၊ စပါးမျိုးစေ့ချ ကိရိယာ၊ ယာသီးနှံမျိုးစေ့ချ ကိရိယာ များဖြင့် စိုက်ပျိုးနည်းစနစ်များကို လက်တွေ့ရှင်းလင်းသရုပ်ပြခဲ့ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)