ရန်ကုန်   ဇူလိုင်   ၉

၂၀၂၆  မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်(Amateur) နှင့် ဝါသနာရှင်သက်ကြီးတန်း(Senior Amateur) ပြိုင်ပွဲများကို သြဂုတ် ၃ ရက်မှ ၆ ရက်အထိ  ရန်ကုန်မြို့ရှိ   ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌  ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသားဝါသနာရှင် (Amateur) အဆင့်၌ Handicap 0 မှ 12 အတွင်းရှိ ကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဝါသနာရှင်သက်ကြီးတန်း (Senior Amateur) အမျိုးသားပြိုင်ပွဲ၌ Handicap 0 မှ 18 အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၀ နှစ်၊ ၆၁ နှစ်မှ ၆၅ နှစ်နှင့် ၆၆ နှစ်မှ ၇၅ နှစ် အထိ ကစားသမားများကို အသက်အုပ်စုအလိုက် ယှဉ်ပြိုင်ခွင့်ပြုထားသည်။

ယင်းပြိုင်ပွဲကို R&A Rules Limited နှင့် United States Golf Association (USGA) တို့ ပြဋ္ဌာန်းထားသည့် Rules of Golf 2023 နှင့် ပြိုင်ပွဲဒေသန္တရ စည်းမျဉ်းများနှင့်အညီ ကျင်းပမည်ဖြစ်သည်။

 ပြိုင်ပွဲဝင်လိုသည့် ကစားသမားများအနေဖြင့် သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ တစ်ဦးလျှင် ပြိုင်ပွဲဝင်ကြေး ကျပ် ၃၀၀၀၀ ပေးသွင်းကာ ၀၉-၄၂၁၀၀၂၂၅၉ သို့ဆက်သွယ်၍  စာရင်း ပေးသွင်းနိုင်သည်။ ယခင်စာရင်းပေးသွင်းထားသူများသည်လည်း မိမိတို့၏ စာရင်းကို ပြန်လည် အတည်ပြုရန် လိုအပ်သည်။ထို့ပြင် ဝါသနာရှင်အဆင့် ပြိုင်ပွဲဝင်ကစားသမားများသည် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် အသိအမှတ်ပြု World Handicap System (WHS) Handicap Index Card နှင့် မိမိအသင်းဝင်ဂေါက်ကလပ်မှ ထုတ်ပေးထားသော Handicap ထောက်ခံစာတို့ကို  စာရင်းပေးသွင်းရာတွင် ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။                  

ချစ်ကိုကို