နေပြည်တော် ဇူလိုင် ၉

 

တနင်္သာရီတိုင်းဒေသကြီး ဟိန်းဇဲဘုတ်ကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက် နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ကုလားကုတ်ကျွန်း၏အနောက်ဘက် ရေမိုင် ၂၇ ဒသမ ၅ မိုင်အကွာ၌ MV ATK Nyein အမည်ရှိ ကုန်တင်ရေယာဉ်တစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း MV Oceanstar ကုန်တင်ရေယာဉ်၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ ဇူလိုင် ၈ ရက် ညနေ ၆ နာရီခွဲတွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်ရေယာဉ်ကိုတွေ့ရှိခဲ့ပြီး ကုန်တင်ရေယာဉ်ပေါ်တွင် လိုက်ပါလာသော အမှုထမ်း ၁၂ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်ကာ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ယနေ့နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့ ရာဇာမင်းတံတား၌ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်