ရန်ကုန် ဇူလိုင် ၉
ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်ဆိုင်ရာ လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှု အစီအစဉ် (Tax Awareness Campaing)ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က အခွန်အကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
ဗလ


