ကူမင်း   ဇူလိုင်   ၈

တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ရထားလမ်းစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကုန်စည်တန်ချိန် သန်း ၂၀ ကျော်  သယ်ယူပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း မီးရထားအာဏာပိုင် များက ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။

ဇူလိုင် ၈ ရက် နံနက်ပိုင်းအထိ ကုန်စည်တန်ချိန် သန်း ၂၀ ကျော်ကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခဲ့ပြီး နိုင်ငံဖြတ်ကျော်  ကုန်စည်ရထားအစီးရေ ၂၃၀၀၀ ကျော်  ပြေးဆွဲနိုင်ခဲ့ကြောင်း   တရုတ်မီးရထား ကူမင်းအုပ်စု ကုမ္ပဏီလီမိတက်၏ ပြောကြားချက်အရ သိရသည်။                                        

ဆင်ဟွာ