အန်ကာရာ ဇူလိုင် ၈
ဂျာမနီနှင့် အမေရိကန်ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီများသည် မြေပြင်မှ မြေပြင်ပစ် ATACMS ဒုံးကျည်များကို ဥရောပတွင် ပထမဆုံးအကြိမ် ပူးပေါင်းထုတ်လုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ဂျာမနီကာကွယ်ရေးကုမ္ပဏီ ရိုင်းမက်တဲလ်နှင့် အမေရိကန်အာကာသနှင့် ကာကွယ်ရေးဆိုင်ရာကုမ္ပဏီ လော့ခ်ဟိဒ်မာတင်တို့သည် တူကီယဲနိုင်ငံတွင် ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးအတွင်း သီးခြားကျင်းပသည့် စက်မှုလုပ်ငန်းဆိုင်ရာအခမ်းအနားတစ်ခု၌ အဆိုပါအစီအစဉ်ကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ATACMS ဒုံးကျည်များ ထုတ်လုပ်ပြီး ဖြန့်ဖြူးမည့် စင်တာတစ်ခုကို ဥရောပတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ဂျာမနီနိုင်ငံတွင် တည်ဆောက်မည့် အဆိုပါစင်တာမှာ အမေရိကန်ပြည်ထောင်စုပြင်ပတွင် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်မည့် ပထမဆုံးစင်တာဖြစ်လာဖွယ်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


