နေပြည်တော် ဇူလိုင် ၈

 

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မှုခင်းပြခန်းယာဉ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အထက၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမှတ်(၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ဘချစ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျော်ခိုင်နှင့် ရဲအုပ်မင်းထွေးတို့က အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

သူဇာလှိုင်(စက်မှု)